Last Comment
Calendar
Announce
Who's Online?
Visitor: 1
Tags
Archives
- February 2009 (2)
- December 2008 (3)
- November 2008 (6)
- October 2008 (15)
Links
Posts sent on: 2001-01-01
Softwareများကို Crack လုပ်နည်းမျိုးစုံ
(၁) Serial NumberCracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Numberတောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင်Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင်Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Pasteလုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။
(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Softwarecompany တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Keyကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကိုအစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Codeကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့်သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့်ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာအဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Keyထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက်Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ ActivationID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့ကActivation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ ActivationNumber ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကိုActivation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copyကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Codeကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygenလေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။
(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။ အင်တာနက်နှင့်သာလုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replaceလုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။ ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင်ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသောPhotoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folderထဲသို့ Replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ.dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။
(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကိုသုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky ကိုသုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့်များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kasperskyကို Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။ တွေ့တဲ့အခါမှာကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို disable လုပ်ရပါသည်။ မဟုတ်လျှင်Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကိုလှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်ပါသည်။
Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။ သို့သော်လည်းထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။ ထို့ကြောင့်ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။
ဆိုက်တစ်ခုကိုအလည်သွားဖတ်ရင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့လင့်ကလေးတစ်ခုကိုတွေ့လိုက်တာ။ဘာတဲ့……ကိုယ့်ချစ်သူဘယ်နားရောက်နေတယ်ဆိုတာ
Satellite ကနေကြည့်လို့ရတဲ့လင့်လေးတဲ့။ကိုယ့်ချစ်သူ့ရဲ့လက်ရှိနေထိုင်တဲ့နိုင်ငံကိုရွေးထည့်၊ပြီးရင်ကိုယ့်ချစ်သူရဲ့ဖုန်းနံပတ်ကိုရိုက်ထဲ့၊ ပြီးရင် search buttomလေးနှိပ်လိုက်ရုံနဲ့ satlllite ကနေချိတ်ဆက်ပြီးရှာပေးလိမ့်မယ်ဆိုပဲ။စိတ်ဝင်စားမယ်ဆိုရင်သုံးပုံသုံးနည်းကတော့---------ပထမဆုံးအဲဒီလင့်လေးကိုရောက်အောင်သွားလိုက်ပါ။
ရောက်သွားရင်အရင်ဆုံးကိုယ်နေတဲ့Country ကိုရွေးပေးရပါတယ်။ ဥပမာ- Myanmarပေါ့။
နောက်ပြီးအောက်မှာရှိတဲphone number ရိုက်ထဲ့ရတဲ့ box လေးနှစ်ခုထဲမှာရှေ့ကနိုင်ငံရဲ့
Code 95 ကိုရိုက်ထဲ့ပေးရမယ်။ ဥပမာ-ရန်ကုန်ဆိုရင်951လို့ရိုက်၊ မန္တလေးဆိုရင် 952 လို့ရိုက်ထဲ့ ၊ လက်ကိုင်ဖုန်းတွေဆိုရင်တော့ 959လို့ရိုက်ထဲ့ပေးရပါ့မယ်။ နောက်က Box လေးထဲမှာက ကိုယ့်ချစ်သူရဲ့ဖုန်းနံပတ်ကိုရိုက်ထဲ့လိုက်ရုံပဲ။ပြီးရင် search buttom ကိုနှိပ်လိုက်တာနဲ့ Satellitကနေချိတ်ဆက်ပြီးသူ့စရိတ်နဲ့သူသွားလိမ့်မယ်။ ကိုယ်ကစောင့်ကြည့်နေရုံပဲ ။ သူကပဲလည်မလား၊ ကိုယ်ကပဲလည်မလား သိကြပြီပေါ့။
ဟဲဟဲ…….ရောင်းရင်းတို့ ၊အပေါင်းအသင်းတို့……..စလိုက်ကြရအောင်……
http://www.themobiletracker.com/english/index.html
ဘ၀ရဲ့ပျော်ရွင်ခြင်း
တစ်ယောက်ထဲနေရတာ
ကာလတွေကြာလာတော့
အချစ်ရယ်
နင်ပြောနေတတ်တဲ့
ဘ၀ရဲ့ပျော်ရွင်ခြင်းဆိုတာ
ပညာတွေသင်ကြားရင်း
ကုန်ဆုံးသွားရတဲ့နုပျိုခြင်းတွေ
မခေါ်ဘဲရောက်လာတတ်တဲ့
ဇရာဆိုတဲ့ဧည့်သည်တွေ
မနှင်ဘဲသွားနေရတဲ့
Duty is Duty တွေ
ဒါတွေကြားထဲမှာ
ဘယ်နေရာများ
တည်ရှိနေပါသလဲကွယ်……..
TCP/IPနှင့်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
Transmission ControlProtocol / Internet Protocol (TCP/IP) ဆိုတဲ့ IT Industry Standard Protocol ဟာWide Area Networks (WAN) အတွက်ဒီဇိုင်းပြူလုပ်ထားတာဖြစ်ပါတယ်။ TCP/IP ဟာInternetworking အတွက် အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုလို့ပြောရင်လဲမမှားပါဘူး။Internet ကိုချိတ်ဆက်မယ်ဆိုတိုင်း ကိုယ့်ရဲ့စက်ထဲမှာ TCP/IP ကိုတော့ Setupလုပ်ပေးရပါမယ်။
ကိုယ့်ရဲ့စက်မှာရှိတဲ့TCP/IP protocol အလုပ်လုပ်မှ Internet နဲ့ချိတ်ဆက်ပြီးအသုံးပြူရမယ့်
လုပ်ငန်းတွေဟာလဲအလုပ်လုပ်မှာဖြစ်ပါတယ်။ TCP/IP ဟာအချက်အလက်တွေကိုမတူညီတဲ့
Network Topology တွေ ၊မတူညီတဲ့ Operating System တွေကြားမှာပေးပို့နိုင်ပါတယ်။
Platform Independedဖြစ်တယ်လို့ဆိုလို့ရပါတယ်။ လမ်းကြောင်းလွဲပေးနိုင်တဲ့ protocolတစ်ခုဖြစ်တာကြောင့်လည်း Network ရဲ့ Traffic ကိုလျှော့ချပေးနိုင်ပါတယ်။ Networkထဲမှာ
Bandwidth တို့ Delayတို့ပြောင်းသွားတာကိုမူတည်ပြီး အချက်အလက်ပို့ပေးတဲ့နှုန်း အနှေးအမြန်ကို TCPကအလိုအလျောက်ထိန်းသိမ်းပေးပါတယ်။ Congestion Control လို့ခေါ်ပါတယ်။ CongestionControl အကြောင်းကိုနောက်ပို့စ်တွေကျရင်တင်ထားပါအုံးမယ်။
၁၉၇၃ခုနှစ်ဝန်းကျင်လောက်မှာ TCP/IP Protocol ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
ဒါပေမယ့်နောက် ၁၀နှစ်အကြာ ၁၉၈၃ ခုနှစ်ကျမှ TCP/IP ကို Standard Version အဖြစ်စံသတ်မှတ်ခဲ့ပါတယ်။၁၉၈၃ ခုနှစ်မှာပဲ TCP/IP ဟာသူ့ရဲ့ရှေ့က ARPANET အတွက်
Official TransportMechanism ဖြစ်ခဲ့တယ်။ ARPANET ဆိုတာ Advanced Research Agency Network ပါ။ U.SDefence အတွက် Research လုပ်ပေးနေရတဲ့အဖွဲ့အစည်းတစ်ခုပါပဲ။ TCP/IPရဲ့ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကိုခုနှစ်အလိုက်ပြန်ကြည့်မယ်ဆိုရင်…….
-၁၉၇၀ခုနှစ်တုန်းက ARPANET အဖွဲ့အစည်းဟာ NCP(Network Control Protocol) ကိုစတင်အသုံးပြုခဲ့ပါတယ်။
-၁၉၇၃ခုနှစ်မှာကျတော့ပထမဆုံး Telnet Specification ဖြစ်တဲ့ Ad Hoc Telnet Protocol ဟာRFC 318 အဖြစ်တင်သွင်းခဲ့ပါတယ်။
RFC 318 မှာတင်ပြထားတဲ့Telnet Protocol
အကြောင်းကိုဒီhttp://www.faqs.org/rfcs/rfc318.html ဒီလင့်မှာသွားလေ့လာနိုင်ပါတယ်။
-၁၉၇၃ ခုနှစ်မှာကျတော့ RFC 454 ဖြစ်တဲ့ FTP (File Transfer Protocol ) စတင်ခဲ့ပါတယ်။
RFC454 - File Transfer Protocol - meeting announcement and a new Proposed Documentအကြောင်းကိုhttp://www.faqs.org/rfcs/rfc454.html လင့်မှာသွားရောက်ဖတ်ကြည့်လိုက်ပါ။
-၁၉၇၄ခုနှစ်မှာကျတော့ TCP ကိုအသေးစိတ်သတ်မှတ်ကျပါတယ်။
-၁၉၈၁မှာကျတော့ RFC 791 မှာ IP standard ကိုထုတ်ပြန်လိုက်ပါတယ်။ RFC 791 InternetProtocol ကိုဒီ http://www.faqs.org/rfcs/rfc791.html လင့်မှာသွားပြီးလေ့လာနိုင်ပါတယ်။
-၁၉၈၂ခုနှစ်မှာ Defencd Communication Agency (DCA) နဲ့ (ARPA) တို့က TransmissionControl Protocol (TCP) နဲ့ Internet Protocol (IP) ကိုထုတ်လုပ်ခဲ့ပါတယ်။
-၁၉၈၃ခုနှစ်မှာ ARPNET ကရှိရင်းစွဲ NCP မှ TCP/IP Protocolကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။
-၁၉၈၄ခုနှစ်မှာကျတော့ Domain Name System (DNS) ကိုစတင်ခဲ့ကြပါတယ်။
တာတေ-CT
2010-03-13 @ 10:40:14 am
by Watkins33Reva
To perform the doctoral thesis related ...
2010-03-13 @ 08:21:26 am
by PauletteBritt24
ier replica watch for sale that ...
2010-03-13 @ 03:05:55 am
by .coolwatchnet
s gathering that appeared supremacy the ...
2010-03-13 @ 03:05:13 am
by coolwatchnet
nge into
2010-03-13 @ 03:04:24 am
by replica watches