Last Comment

Prada bags

2010-07-31 @ 04:54:55 pm
by replica handbags


Replica Handbags - Another ...

2010-07-30 @ 11:31:03 pm
by handbags wholesale


As of Monday replica gucci ...

2010-07-30 @ 11:29:41 pm
by replica designer handbags


Adidas, a name which is [url=http://www.overwatches.org/omega-watches.html]replica ...

2010-07-30 @ 07:17:38 pm
by replica watches


Nevermore cry because it's finished. Smile ...

2010-07-30 @ 06:39:26 am
by AnnetteFerguson24


Calendar

October 2008
SunMonTueWedThuFriSat
 << <Jul 2010> >>
   1234
567891011
12131415161718
19202122232425
262728293031 

Announce

Who's Online?

Member: 0
Visitor: 1

Tags

No tags in this Blog

Links

    Posts sent on: 2008-10-08

    08 Oct 2008 


    ခြေရာမဲ့လွင်ပြင်

    ချစ်သူ.....
    နေခဲ့တော့ဆိုလို့သာ
    လက်ပြလိုက်ရတယ်
    ဘာ့ကြောင့်ဆိုတာလေးတောင်
    ပြောပြမသွားခဲ့ဘူး.....
    ငါ.... 
    ဒီလောက်ပေးဆပ်ခဲ့ရက်နဲ့
    နှစ်သိမ့်ဆုလေးတောင်
    မခံစားခဲ့ရတာ...
    ငါလေ..
    ရင်နာလို့မဆုံးခဲ့ပါဘူးဟာ........။ ။


    Admin · 252 views · 16 comments
    08 Oct 2008 

    အသုံးဝင်အင်တာနက်စာမျက်နှာများ

    စွယ်စုံကျမ်း-http://en.wikipedia.org/wiki/Main_Page
    ဂရင်းနစ်စာအုပ်- http://www.guinnessworldrecords.com/
    မြန်မာ့ဆိုင်း- http://www.myanmarloops.com/
    အတိုင်းအတာ- http://www.onlineconversion.com/length_common.htm
    အတိုကောက်- http://acronyms.thefreedictionary.com/
    ဘာသာပြန်- http://translation.langenberg.com/
    ကမ္ဘာ့ငွေကြေး- http://www.xe.com/
    ကမ္ဘာ့အချိန်-http://www.timeanddate.com/worldclock/
    ကမ္ဘာ့တယ်လီဖုန်း -http://www.studyabroad.com/telcodes.html
    ကမ္ဘာ့သတင်းစာ-http://www.newseum.org/todaysfrontpages/default.asp
    ကမ္ဘာ့မြေပုံ- http://www.worldatlas.com/
    နှစ်တရာပြက္ခဒိန်- http://mission.itu.ch/MISSIONS/Myanmar/canlander100/caln-index.html
    ကုလပြက္ခဒိန်- http://www.unac.org/en/news_events/un_days/international_days.asp
    မြန်မာပြက္ခဒိန်- http://mission.itu.ch/MISSIONS/Myanmar/calander/m-can.htm
    မြန်မာစာကြည့်တိုက်- http://www.elibrary.net.mm/
    အမေရိကန်စာကြည့်တိုက်- http://www.loc.gov/index.html
    စီအိုင်အေ- https://www.cia.gov/library/publications/the-world-factbook/index.html
    မြန်မာလမ်းညွှန်- http://www.myanmarteldir.com/government/
    အင်္ဂလိပ်-မြန်မာအဘိဓာန်- http://www.english4myanmar.com/2008/03/blog-post.html
    မြန်မာ-အင်္ဂလိပ်အဘိဓာန်- http://dictionary.all-channel.com/


    Admin · 1752 views · 78 comments
    08 Oct 2008 

    ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု


    ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်ကဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

    ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

    ၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့လောကကြီးက ပိုမျှော်လင့်တယ်။

    ၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

    ၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

    ၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “အခွင့်အရေး” တဲ့။

    ၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

    ၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

    ၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

    ၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝကလူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

    ၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

    ၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ

    (မနိုင်းနိုင်းစနေရဲ့ blog ထဲက တင်ပြပေးထားတာပါ…)

    Admin · 1045 views · 150 comments
    08 Oct 2008 

    ၁) စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိကို မှိတ်ထားလိုက်ပါ။ အဆုတ် အနက်ရှိုင်းဆုံးထိ အသက် ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းပါ။

    ၂) ပြဿနာ သို့မဟုတ် စိတ်ညစ်စရာတွေနဲ့ ကြုံရတာဟာ ဘဝအတွက် အတွေ့အကြုံ ပိုရှိစေတယ်လို့ မှတ်ယူပါ။

    ၃) ပြဿနာ ကြီးကြီးနဲ့ ကြုံတဲ့အခါ စိတ်ကို ပိုလျော့ချပေးပါ။

    ၄) အသက်မှာလည်း ဒိတ်လွန်နေ့စွဲ ရှိပါတယ်။ ဒိတ်မလွန်ခင် လုပ်ချင်တာကိုလုပ်လိုက်ပါ။

    ၅) အချစ်မှာ လွတ်လပ်ခွင့် ကိုယ်စီရှိရတယ်။

    ၆) အချစ်ရဲ့ သတ္တိက ဘာလဲ?
    ကိုယ့်ရင်ခွင် ပြတင်းကို ကိုယ်ဆွဲဖွင့်လိုက်တာပဲ ဖြစ်တယ်။

    ၇) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့လူ တစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
    လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။

    ၈) အချစ်က တန်ဖိုးကြီးရှားပါးတဲ့ ချောကလက်နဲ့တူတယ်။
    လတ်ဆတ်ချိန် မပုပ်မသိုးခင်မှာ ချိုမြိန်တဲ့ အရသာကို ခံစားပါ။

    ၉) အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ရုတ်တစ်ရက်သတိရလိုက်မိရင် ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူလည်း ကိုယ့်ကို သတိရနေတဲ့အချိန် ဖြစ်နေလိမ့်မယ်


    (မနိုင်းနိုင်းစနေရဲ့ blog ထဲက တင်ပြပေးထားတာပါ…)

    Admin · 1333 views · 208 comments